ဟင်္သာတ အောက်တိုဘာ ၁၁
ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဟင်္သာတမြို့နယ်အတွင်းရှိ ပျံကျဈေးမှား နှင့် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးကြီးများ၊ လမ်းဘေး ဈေးဆိုင်၊ အိမ်ဆိုင်များအား စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ရောင်းချခြင်းနှင့် သတ်မှတ်ထားသည့် အချိန် အကန့်အသတ်ဖြင့် ရောင်းချနေမှု ရှိ/မရှိတို့ကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ကိုဗစ် -၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီအဖွဲ့များနှင့် စည်ပင်သာယာရေး ကော်မတီအဖွဲ့များက လိုက်လံစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းဦးနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီအဖွဲ့များ၊ စည်ပင်သာယာရေး ကော်မတီအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့က ဈေးကြီးများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုနှင့် အခြေခံစားသောက်ကုန် ပစ္စည်းများနှင့် ဆေးဝါးရောင်းချသည့် ဆိုင်များအား နေ့စဉ် နံနက်(၆)နာရီမှ နေ့လယ်(၂)နာရီအထိ ရောင်းချမှု၊ ကျန်ရှိသည့်ဆိုင်များကို ယာယီပိတ်သိမ်းထားမှု၊ လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များဖြစ်သည့် ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်၊ ကုန်ခြောက် ဆိုင်များ၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ၊ ပုဂ္ဂလိက အိမ်ဆိုင်များ၊ ဌာနဆိုင်ရာ သက်သာဈေးဆိုင်ခန်းများ၊ ဘုရားဈေး ဆိုင်ခန်းများအား နေ့စဉ်နံနက် (၆)နာရီမှ နေ့လယ်(၂)နာရီအထိ ရောင်းချခြင်း ရှိ/မရှိတို့ကို လိုက်လံစစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)