ပခုက္ကူမြို့နယ်လူငယ်ရေးရာကော်မတီ ကဦးစီး၍Certificate in Effective Marketing & Sales Management Online Class (အခမဲ့) သင်တန်းဖွင့်လှစ်

ပခုက္ကူ  အောက်တိုဘာ ၁၁

ပခုက္ကူမြို့နယ်လူငယ်ရေးရာကော်မတီက ဦးစီး၍Certificate in Effective Marketing &  Sales Management Online Class (အခမဲ့) သင်တန်းကို‌‌ ယမန်နေ့ နေ့လယ်၁၁နာရီကဖွင့်လှစ်သင်ကြားသည်။

ပခုက္ကူမြို့နယ်လူငယ်ရေးရာကော်မတီ ကပညာဒါန အဖြစ် သင်ကြားပေးရခြင်းရည်ရွယ်ချက် မှာ ကိုဗစ် ကာလအတွင်း ကိုယ်တိုင်သင်တန်းသွားတတ်ရန်အခက်အခဲ ရှိသူများနှင့် သင်တန်းကြေးပေးရန် အခက်အခဲရှိသူ လူငယ်များအတွက်ကူညီ ပေးလိုခြင်း၊လူငယ်များအလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်အတွက် တစ်ထောင့် တစ်နေရာမှ ဖော်ဆောင်ကူညီ ဆောင်ရွက် ပေးလိုခြင်း၊ ခေတ်ကာလနှင့် အညီလူငယ်များ အတွက်လုပ်ငန်းခွင် တွင်အထောက်အကူပြုစေခြင်း ဖြင့်အလုပ်အကိုင်များ ရရှိစေရေး အခွင့်အလမ်းများဖန်တီးပေးလိုခြင်း၊ လုပ်ငန်းခွင်ဝင်ရောက်ရာတွင်အဆင်ပြေစေရန် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးလိုခြင်း၊ လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချတက်စေရန်၊ ဦးဆောင်မှုပြုလုပ်တက်စေလိုခြင်း၊ တတ်စွမ်း သ၍ Value added လုပ်ပေးလိုခြင်း ၊ ကိုယ်ထူးကိုယ်ချွန်လူငယ်များအတွက် အထောက်အပံ့ဖြစ်စေလိုခြင်း တို့အတွက်online အခမဲ့သင်တန်း ဖွင့် လှစ်ခြင်း ဖြစ်ကြောင်း ပခုက္ကူမြို့နယ်လူငယ်ရေးရာကော်မတီတွဲဘက် အတွင်းရေးမှူး ကိုရဲကျော်ထက် ကပြော သည်။

သင်တန်းကိုZoom  Application အသုံးပြု၍ Face to Face သင်ကြားပေးခြင်းဖြစ်ပြီး YANGON BUSINESS MANGEMENT CENTRE ၏ CEO & PRINCIPAL ဖြစ်သူဆရာ U TOE TOE AUNG ကသင်ကြားပို့ချပေးသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ၅၀ဦးတက်ရောက်လျှက် ရှိပြီးသတင်တန်းကာလမှာ အောက်တို ဘာလ၁၀ ရက်နေ့ မှအပတ်စဉ်စနေနေ့တိုင်း နေ့လယ်၁၁နာရီမှ ၁နာရီအထိတစ်လကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။

ကိုဇော်(ဓာတု)