မိုင်းနောင် အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့၊ ဝမ်စိမ်းကျေးရွာအုပ်စုရှိ ဘဝသစ်အားမာန် မျက်မမြင် ကျောင်းသို့ အလှူငွေနှင့် အခြေခံစားသောက်ကုန်များကို ယမန်နေ့ ညနေ ၄ နာရီအချိန်က (ဒုတိယအကြိမ်)အဖြစ် သွားရောက် လှူဒါန်းခဲ့ကြသည်။
ထိုသို့သွားရောက် လှူဒါန်းရာတွင် မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစိန်ငွေမိုးနှင့် ဌာနဆိုင်ရာများ စုပေါင်း၍ ကိုဗစ်-၁၉ကာလ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရသော ဝမ်စိမ်းဘဝသစ် အားမာန် မျက်မမြင်ကျောင်းမှ အမြင်အာရုံမသန်စွမ်းသူများ၏ ဘဝမြှင့်တင်ရေးနှင့် ဘက်စုံလိုအပ် မှုများ၊ တစ်ပိုင်တစ်နိုင် ရိက္ခာဖူလုံရေးတို့အတွက် အလှူငွေ (၂၄၀၀၀၀ိ)နှင့် အခြေခံ စားသောက် ကုန်များ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့သည်။
အဆိုပါ ဘဝသစ်အားမာန် မျက်မမြင်ကျောင်း၊ ကျောင်းအုပ်ကြီးမှလည်း လှူဒါန်းမှုအစုစုတို့အတွက် အထူး ကျေးဇူးတင်ရှိကြောင်းနှင့် အလှူရှင်များအား ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။
မိုင်းနောင် (ပြန်/ဆက်)