ကျောက်တံခါး အောက်တိုဘာ ၁၁
ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်) မဲဆန္ဒရှင်အမည်စာရင်း ကပ်ထားကြေညာထားရှိမှုအား ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် အဖွဲ့ဝင်များက ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောက်တံခါး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ ခွဲရုံးများတွင် ကြေညာထားရှိသည့် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသည့် ပြည်သူများ၏ မဲဆန္ဒရှင် အမည်စာရင်းများအား ကြည့်ရှု့စစ်ဆေးပြီး မဲစာရင်းတွင် အမည် မပါဝင်သူများ၊ မပါဝင်သင့်သူများ ပါဝင်နေခြင်း၊ အချက်အလက် မှားယွင်းနေမှုများအား သတ်မှတ် ပုံစံများဖြင့် ဖြည့်သွင်းဆောင်ရွက်နိုင်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ထားသည့် စည်ကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ကျောက်တံခါးမြို့နယ်တွင် ရပ်ကွက်(၁၈)ရပ်ကွက်၊ ကျေးစွာအုပ်စု(၄၆)အုပ်စုရှိပြီး မဲရုံပေါင်း(၂၁၁)ရုံ၊ မဲဆန္ဒရှင် (၂၀၀၄၅၄)ဦးရှိကြောင်း သိရသည်။
စန်းတင့်(ပြန်/ဆက်)