မင်းဘူး(စကု)မြို့နယ်တွင် ပထမဆုံး ပိုးတွေ့လူနာ(၂)ဦး ဆေးရုံးဆင်းခွင့်ရရှိ

မင်းဘူး အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ပထမဆုံးတွေ့ရှိ ခဲ့သော ကိုဗစ် -၁၉ ပိုးတွေ့အတည်ပြုလူနာ (၂)ဦးကို (အောက်တိုဘာ ၁၁ ရက်) ယနေ့ နံနက် ၁၀ နာရီ အချိန် က ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောသည်။

အဆိုပါ (၂)ဦးသည် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်မှ မင်းဘူး(စကု)မြို့နယ် လက်ပံ တောကျေးရွာသို့  စက်တင်ဘာလ (၂၃) ရက်နေ့တွင် ပြန်လည်ရောက်ရှိလာပြီး အ.မ.က ကျောင်းတွင် Facility Quarntine ထားရှိကာ စက်တင်ဘာ (၂၉) ရက်နေ့က ဓါတ်ခွဲနမူနာယူ စစ်ဆေးခဲ့ရာမှ  ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။  

မင်းဘူးခရိုင်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ဆေးကုသမှုခံယူခဲ့ရာ ကျန်းမာရေး ကောင်း မွန်ပြီး ကိုဗစ်-၁၉ ရောဂါလက္ခဏာမတွေ့ရဘဲ သတ်မှတ်ရက်ပြည့်မြောက်တာ ကြောင့် ဆေးရုံ ဆင်းခွင့်လက်မှတ် ထုတ်ပေးခဲ့ပြီး ဆေးရုံဆင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ဒေါက်တာတင့်ခိုင်က ရှင်းလင်းပြောကြားသည်။ 

ဆေးရုံဆင်းခွင့်ရရှိသူ (၂) ဦးအား မင်းဘူးမြို့ ဗြဟ္မစိုရ် လူမှုကူညီးရေးအသင်းမှ မော်တော်ယာဉ် ဖြင့် နေအိမ်အရောက်ပို့ဆောင်ပေးခဲ့ပြီး Home Quarantine (၇)ရက် ဆက်လက်နေထိုင် သွားရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ  နေထိုင် သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)