တံတားဦး အောက်တိုဘာ ၁၁
၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ(၈)ရက်နေ့တွင် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်ကြေညာလျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ခွဲဝင်များက သက်ဆိုင်ရာနယ်မြေများသို့ယနေ့နံနက်၁၀နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည် ။
မဲဆန္ဒရှင်စာရင်း ကြေညာထားမှုအား ပြည်သူများ လာရောက်ကြည့်ရှုမှုနှင့် ပြင်ဆင်ပယ်ဖျက်ရန် လိုအပ် မှုများအပေါ် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲဝင်များအနေဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရေး ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည် ။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များသည် ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား တွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်းများအား ပြည်သူများ အလွယ်တကူ လာရောက်ကြည့်ရှုနိုင်မည့် နေရာများတွင် ထင်သာမြင်သာအောင် ကပ်ထားပေးရေး ၊ ပြည်သူများ တစ်အိမ်ထောင်စုလျှင် အနည်းဆုံးတစ်ဦး လာရောက်ကြည့်ရှုရေး နှိုးဆော်ခြင်းများကို ဆောင်ရွက်စေပြီး မဲစာရင်းလာရောက် ကြည်ရှုသူ ပြည်သူများအနေဖြင့် စာရင်းပြင်ဆင်ဖြည့်စွက်ခြင်း ၊ ထည့်သွင်းလိုခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးရန် တို့ကိုအသီးသီးဆွေးနွေး ခဲ့ကြ ကြောင်းသိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)