မိုင်းရယ် အောက်တိုဘာ ၁၁
မိုင်းရယ်မြို့နယ် COVID-19 ရောဂါကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ Facility Quarantine Centre များတွင် Quarantine ဝင်ရောက်နေသူများအား ဆန်၊ ဆီ၊ ကြက်ဥနှင့် ခေါက်ဆွဲခြောက်များထောက်ပံ့ခြင်းကို ယမန်နေ့ ညနေ(၅)နာရီက ပြုလုပ်သည်။
မိုင်းရယ်မြို့နယ်တွင် Facility Quarantine Centre များအဖြစ်ထားရှိသည့် အထက (မိုင်းရယ်)၊ မူလွန်-၁၊ အမက-၂ ကျောင်းများရှိ Quarantine ဝင်ရောက်နေသည့် နေရပ် ပြန်ဆရာ/မများနှင့် မြို့နယ်အတွင်း ပြန်လည်ဝင်ရောက်လာသူများ စုစုပေါင်း (၁၅၈)ဦးအား မြို့နယ် COVID-19 ရောဂါကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ တစ်ဉီးလျှင် ဆန်(၂)ပြည်၊ ကြက်ဉ (၁၀)လုံး၊ ခေါက်ဆွဲခြောက်(၆)ထုပ်၊ ဆီ ၂၅ကျပ်သားစီ ထောက်ပံ့ခဲ့ပါသည်။
မိုင်းရယ်မြို့နယ်အနေဖြင့် ကူးစက်မြန် COVID-19ရောဂါပိုး ကူးစက်မှုမရှိသေးသော်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်လျက်ရှိကြောင်း သိရှိရ သည်။
ခင်မာလာ( ပြန်/ဆက်)