ကျောက်တလုံးကြီးမြို့၊ ကျေးရွာအုပ်စု(၇)စု၌ အသက်(၈၀)နှစ်နှင့် (၈၅)နှစ်အကြား သက်ကြီးဘိုးဘွားများအား လက်ဝယ်အရောက်ထောက်ပံ့ငွေပေးအပ်

ကျောက်တလုံးကြီး   အောက်တိုဘာ   ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်) တောင်ကြီးခရိုင်၊   ကျောက်တလုံးကြီးမြို့အတွင်းရှိ ကျေးရွာအုပ်စု()စု၌ အသက် ၈၀ နှစ်နှင့် ၈၅ နှစ်ကြား သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ယနေ့နံနက် ၉ နာရီခန့်က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရ သည်။

ထိုသို့ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ရာတွင် ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု အတွင်းရှိ အသက်(၈၀)နှစ်နှင့်(၈၅)နှစ် ကြားရှိသက်ကြီးဘိုးဘွား(၁၇)ဦး၊ နောင်ကားကျေးရွာ အုပ်စုအတွင်းရှိ အသက် (၈၀)နှစ်နှင့်(၈၅)နှစ်ကြား  သက်ကြီးဘိုးဘွား( ၃၂)ဦး နောင်ပစ်ကျေးရွာအုပ်စု အတွင်းရှိ အသက် (၈၀)နှစ်နှင့်(၈၅)နှစ်ကြား သက်ကြီးဘိုးဘွား(၃၂)ဦး၊ နောင်ခဲကျေးရွာအုပ်စုအတွင်းရှိ အသက် (၈၀) နှစ်နှင့် (၈၅)နှစ်ကြားသက်ကြီးဘိုးဘွား()ဦး၊ အသုံးတော်ကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွား()ဦး ၊နာဟီးကျေးရွာအုပ်စုအတွင်းရှိ(၈၀)နှစ်နှင့်(၈၅)နှစ်ကြား သက်ကြီးဘိုးဘွား(၁၀)ဦးနှင့် ကက္ကူကျေးရွာအုပ်စု အတွင်းရှိ အသက်(၈၀)နှစ်နှင့် (၈၅)နှစ် ကြားသက် ကြီးဘိုးဘွား (၂၀)ဦးတို့အားနိုင်ငံတော်မှ ချီးမြှင့်သည့် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် သက်ကြီးဘိုးဘွား (၁၁၈)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀) အား သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများတို့က အိမ်တိုင် ရာ ရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

မြဝင်း (ပြန်/ဆက်)