ညောင်ရွှေ အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမကျေးရွာရှိ ရေပေါ်ဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ဈေးရောင်းချသူနှင့် ဈေးဝယ်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ ယနေ့ နံနက်ပိုင်းက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုး၊ ဟဲယာရွာမ တိုက်နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာဇာခြည်ထွန်းနှင့် ဝန်ထမ်းများ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများက ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း(Mask) မဖြစ်မနေတပ်ပြီးမှထွက်ရန်၊ လူစုလူဝေး ရှောင်ရှားရန်၊ လက်ကိုမကြာ ခဏဆေးကြောရန်တို့ကို အသိပညာပေးနှိုးဆော်ခဲ့ပြီး ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ၂,၀၀၀ ခုကို အခမဲ့တပ်ဆင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေမျိုးသူရိန်