မင်းကင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ (၁၆) ဦးထပ်မံတွေ့ရှိ

မင်းကင်း  အောက်တိုဘာ  ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မင်္ဂလာဒုံမြို့နယ်မှပြန်လည် ရောက်ရှိလာသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးရာ (၁၆) ဦးတို့တွင် ရောဂါပိုး ထပ်မံတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာ (၁၆) ဦးတို့မှာ ပုထိုးလုံးကျေးရွာမှ (၄)ဦး၊ ကျွဲကျကျေးရွားမှ(၁)ဦး ၊တောင်ကုန်းကျေးရွာမှ(၁)ဦး၊ ပေါက်အိုင် ကျေးရွာမှ(၈)ဦး၊ ကျွန်းတော်ကျေးရွာမှ(၁)ဦး၊ စသာကျေးရွာမှ (၁) ဦးဖြစ်ကြောင်းနှင့် အဆိုပါ အတည်ပြုလူနာအားလုံးမှာ အမျိုးသမီးများ ဖြစ်ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရသည့်  အတည်ပြုနာ လူနာစုစုပေါင်း (၁၇) ရှိကာ အဆိုပါ အတည်ပြုလူနာများအား  မြို့နယ်ပြည်သူ့ဆေးရုံ  Isolation Ward တွင် ဆေးကုသမှုခံယူစေလျက်ရှိ ကြောင်းသိရသည်။

လှငွေ(ပြန်/ဆက်)