ရန်ကုန် အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ဈေးရောင်းချသူများ ရောင်းချရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်ဈေး မြေညီထပ်ဆောက်လုပ်နေမှုအား စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး ခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန်က စစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းသန်း နှင့်တာဝန်ရှိသူများသည် ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းမှ ဘိုကုန်းဈေးမြေညီထပ်အား EE ဦးစိုး လွင်မှ တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးရာ ဥက္ကဋ္ဌ မှ စံချိန်စံညွှန်နှင့်အညီ အချိန်မှီ ပြီးစီးနိုင်ရေးနှင့် လုပ်ငန်းခွင်တွင် အန္တရာယ်ကင်းစွာ ဆောင်ရွက်ရေး စသည်တို့ကို ဆွေးနွေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်အကြံပြု မှာကြားခဲ့သည်။
အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)