မိုးညှင်းခရိုင် ဆေးရုံကြီးမှ ကိုဗစ်-၁၉ရောဂါပိုးကင်းစင်၍ ၇ ဦးဆေးရုံထပ်ဆင်း၊ လက်ရှိအတည်ပြု လူနာ ၂ ဦးသာ ကျန်ရှိတော့

မိုးညှင်း အောက်တိုဘာ ၁၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ယနေ့နံနက် ၁၀ နာရီခွဲတွင် မိုးညှင်းဆေးရုံကြီးရှိ သီးသန့် လူနာဆောင်တွင် ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ (၇)ဦး ရောဂါပိုး ကင်းစင်၍ ဆေးရုံထပ်ဆင်းပေးခဲ့ကြောင်းနှင့် လက်ရှိမိုးညှင်း ဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၂)ဦးသာ ကျန်ရှိကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးက အတည်ပြု ပြောကြားသည်။

“သူတို့ကို ဒီနေ့ဆင်းခွင့်ပေးလိုက်တယ်၊ ဒီမှာလက်ရှိအတည်ပြုလူနာ (၂)ဦးပဲရှိတော့တယ်၊ ကျန်ခဲ့တဲ့ လူနာ(၂)ယောက်လည်း ကျန်းမာရေးကောင်းမွန်နေပါတယ်”ဟု ခရိုင်ဆေးရုံအုပ်ကြီးက ပြောကြားသည်။

မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ၁၅ ဦးရှိရာ ရောဂါပိုးကင်းစင်၍ ဆေးရုံဆင်းခွင့် ရရှိသူ အောက်တိုဘာလ ၁၂ ရက်နေ့(ယနေ့အထိ) ၁၃ ဦးအထိရှိလာပြီး လက်ရှိမိုးညှင်း ဆေးရုံကြီးတွင် ပိုးတွေ့လူနာ(၂)ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

ကျော်ကျော်ထွေး(ပြန်/ဆက်)