လောင်းလုံးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အကြိုလူထုလှုပ်ရှားဆောင်ရွက်မှုပြုလုပ်

လောင်းလုံး၊ အောက်တိုဘာ ၁၂


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင်အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အကြိုလူထုလှုပ်ရှားဆောင်ရွက်မှုကို ယမန်နေ့က လောင်းလုံးမြို့နယ်၊ မောင်မကန်စျေး၊ သောကြာပြင် လမ်းဆုံနှင့် လူစည်းကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် လောင်းလုံးမြို့ နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဟိန်းကိုကိုနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူများနှင့်အတူလောင်းလုံးမြို့နယ်၊ မောင်မကန်းစျေး၊သောကြာပြင်လမ်းဆုံနှင့် လူစည်းကားရာနေရာများတွင် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှုဆောင်ရွက်ရာဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ ဌာန logo ပါ Mask ၊ အဖွဲ့အစည်းများမှ လှူဒါန်းသော hand gel ၊ face shield နှင့်ဆပ်ပြာများကို ဝေငှပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ပြန်/ဆက်)