ကမာရွတ် အောက်တိုဘာ ၁၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှအခေါက်အကူဖြစ်စေရန် ရည်ရွယ်၍ ဒေါ် ခင်ကြည်ဖောင်ဒေးရှင်း အမှတ် (၅၄/၅၆)တက္ကသိုလ်ရိပ်သာလမ်း ၊ ဗဟန်းမြို့နယ်မှ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ယမန်နေ့ မနက်ပိုင်းက အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ လာရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများရှိ Primary Contact လူနာများအတွက် လိုအပ်သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် အသုံးအဆောင်များ ဖြစ်သည့် Surgical Gown ( ၅၀ )ထည်၊ Plastic Apron ( ၁၀၀ခုပါ )၂ ထုပ်၊ Mask ( ၂၀၀)ခု၊ Face Shield( ၂၀၀)ခု၊ KN 95 Mask (၂၀) ခု၊ လက်အိတ်( ၁၀၀) ၊လက်သန့်ဆေး ရည် 500ml ( ၅) ဗူး၊ လက်ဆေးဆပ်ပြာရည် 500ml ( ၅) ဗူး၊ အရက်ပျံ 500ml ( ၅) ဗူး၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာတုံး ( ၃) မျိုးတွဲ ( ၅၀) စုံ၊ မြက်ဖျာ၊ ခေါင်းအုံး၊ ခေါင်းအုံး စွပ်၊ စောင်၊ခြင်ထောင်၊ ဂွမ်းကပ် (၅၀) စုံ၊ ရေချိုးခွက်၊သောက်ရေခွက်၊ ဆပ်ပြာခွက် (၅၀) စုံတို့ကိုလာရောက်လှူဒါန်း ခဲ့သည်။ လာရောက်လှူဒါန်းမှုကို တာဝန်ရှိသူများကလက်ခံရယူ ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။
စိမ်းလဲ့(ပြန်/ဆက်)