မဘိမ်း အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် မြို့မရပ်ကွက်၊ နမ့်ပုံးပုံးရပ်ကွက်၊ ဘဟဲကျေးရွာအုပ်၊ မလှိုင်ကုန်းကျေးရွာအုပ်စုနှင့် ငို့စင်ကျေးရွာအုပ်စုရှိ မန်ကင်ကျေးရွာတို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးခဲ့သော ဆင်းဧကရီ-၃ မိုးစပါး(Rs to Cs) မျိုးစေ့ ထုတ်စိုက်ခင်းဧက(၁၂၀)ကို တောင်သူ ၄၅ ဦးက စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး မျိုးစေ့ထုတ်စပါးခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါမျိုးစေ့ထုတ်စပါးခင်းများကို ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် မြို့မ ရပ်ကွက်တွင်(၃)ဧက၊ နမ့်ပုံးပုံးရပ်ကွက်တွင်(၃)ဧက၊ ဘဟဲကျေးရွာအုပ်စုတွင် (၂၆)ဧက၊ မလှိုင်ကုန်း ကျေးရွာအုပ်စုတွင် (၇၃)ဧကနှင့် ငို့စင်ကျေးရွာအုပ်စုရှိ မန်ကင်ကျေးရွာတွင် (၁၅)ဧက၊ စုစုပေါင်းမျိုး စေ့ထုတ်စိုက်ခင်း(၁၂၀)ဧကတို့ကို ဇူလိုင်လက တောင်သူများကိုယ်တိုင် စိုက်ပျိုးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန က ဓာတ်မြေဩဇာ၊ စိုက်နည်းစနစ်များနှင့် လိုအပ်သောနည်းပညာများ ပံ့ပိုးပေးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စပါးမျိုးကွဲနှင့် ပိုးမွှားရောဂါကျရောက်မှု ကင်းစင်ကာ တောင်သူများ လက်တွေ့အကျိုးခံစားခွင့် ရရှိတော့မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်း၏ ပြောပြချက်အရ သိရသည်။
မျိုးမင်း (ပြန်/ဆက်)