ဇလွန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများလှူဒါန်း

ဇလွန်  အောက်တိုဘာ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုအား ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများကို အလှူရှင်များမှ ယမန်နေ့ မွန်းလွဲ နာရီအချိန်ခန့်တွင် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့သို့လာရောက်လှူဒါန်းရာတွင် ဦးဌေးရှင် ရွှေကျေးတမာဆေးဆိုင်နှင့် ဇလွန်မြို့ပေါ်ရှိ ဆေးဆိုင်များမှ လူနာခန်းများတွင် လေအေးပေးစက်တပ်ဆင်ရန် (ဒုတိယအကြိမ်) စုပေါင်း လှူဒါန်းငွေ (၅)သိန်းကျပ်၊  ဇလွန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ လေးမွန်ကြည်ကအလှူငွေကျပ်  (၅၀၀၀၀)၊ ကိုမျိုးဇင်ကျော်+ မခိုင်ဇာလင်း (အောင်ဇေယျာသန်းဆန်စက်) မှအလှူငွေကျပ် (၁၀၀၀၀၀) ၊ အ.ထ.က -၁  ဇလွန်တွင် ၁၉၉၉-၂၀၀၀ ခုနှစ်တွင် ပညာသင်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူဟောင်းများမှ စုပေါင်း၍ (၆၈၄၀၀၀) ကျပ်တန်ဖိုးရှိ (10 KVA Auto Voltage Regulator)နှင့် ဆေးရုံအထောက်အကူပြု လုပ်ငန်းကော်မတီမှ အလှူငွေကျပ်(၁၁)သိန်းတို့ကို လာရောက် လှူဒါန်းခဲ့ပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဦးစောသူရိန်မှ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)