ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ် -၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများ မြေစိုက်ဘုတ်တွင်ပြသ

ဆင်ပေါင်ဝဲ      အောက်တိုဘာ    ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို မိဘပြည်သူများသိရှိနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်၌ ပြသထားလျက် ရှိသည်။

အဆိုပါ မြေစိုက်နံရံကပ်စာစောင်တွင် မီဒီယာနှင့် သတင်းအချက်အလက်များ သိရှိနားလည်မှုရှိသော မိဘ အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ ၊ ကိုဗစ် -၁၉ ရောဂါဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာတွင် ဆောင်ရန် / ရှောင်ရန် အချက်များ ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့် အကြောင်းအရာများ ပါဝင်သော UNESCO မှ ပေးပို့လာသော ကိုဗစ် -၁၉ ကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံ ( ၁၈ )ပုံကို ပြည်သူများ သိရှိ လေ့လာနိုင်ပြီး လိုက်နာဆောင်ရွက်ရန် ပြသထားကြောင်း သိရသည်။

ချိုချိုဝင်း (ပြန်/ဆက်)