ငပုတော၌ အထူးရဲ သင်တန်းတက်ရောက်‌နေသည့် ရဲတပ်ဖွဲ့ဝင် ၁၀၃ ဦးအား Swab ယူစစ်ဆေး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ‌ အထွေထွေရွေးကောက်ပွဲ ငပုတော မြို့နယ်အတွင်း၌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ငပုတောမြို့ပေါ်ရှိ အ.မ.က(၂) တွင် အထူးရဲသင်တန်း တက်ရောက်နေသည့် ရဲတပ်ဖွဲ့ဝင် ၁၀၃ ဦးအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုရှိ၊ မရှိ သိရှိနိုင်စေရန်အတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ Swab များရယူစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်အတွင်း ရွေးကောက်ပွဲကာလ၌ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲများနှင့် နည်းပြများအား Swab ယူ၍ Test Kit ဖြင့် စစ်ဆေးရာတွင် အားလုံး ရောဂေါပိုးမတွေ့ရှိကြောင်းသိရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း ရွေးကောက်ပွဲကာလ၌မဲရုံလုံခြုံရေး တာဝန်ထမ်း ဆောင်မည့် အထူးရဲများနှင့် နည်းပြများအား Swabယူ၍ Test Kit ဖြင့်စစ်ဆေးရာ အားလုံးတွင် ရောဂေါပိုးမတွေ့ရှိ ကြောင်း အထူးရဲသင်တန်းကျောင်းအုပ် ရဲမှူးသန့်ဇင်ဦး ထံမှသိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မြင့်မားလာသည့်အတွက် အသိပညာပေး နှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုဦးရေ တစ်နေ့ထက်တစ်နေ့ မြင့်မား လာသည့်အတွက် ပြည်ခရိုင် ပန်းတောင်းမြို့နယ်တွင် နေထိုင်ကြသော မိဘပြည်သူများ အနေဖြင့် ရောဂါ ကူးစက်ပြန့်ပွားမှု့ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်

ကန်ပက်လက်မြို့နယ်အတွင်းသို့ လာရောက်မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား (၂)ပတ်အတွင်း RPD ကျန်းမာရေး စစ်ဆေးထောက်ခံချက်ပါမှသာ ဝင်ခွင့်ပြုမည်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်အတွင်းသို့ လာရောက်မည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ RPD ဖြင့် စစ်ဆေးထားသည့် (၂)ပတ်အတွင်း ထုတ်ပေးသော ကိုဗစ်-၁၉ရောဂါပိုး မရှိ(Negative) ဖြစ်ကြောင်း ထောက်ခံချက်ပါမှသာ ဝင်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ကသာမြို့နယ်အတွင်းရှိ မဲရုံ (၁၁၀) ရုံတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများအား COVID-19 Rapid Diagnostic Test ဖြင့် စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ၂၀၂၀ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန် ထမ်းဆောင်ကြမည့် အထူးရဲများအား အောက်တိုဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါပိုး ကင်းရှင်းမှု ရှိ၊ မရှိကို COVID-19 Rapid Diagnostic Test (RDT)ဖြင့် စစ်ဆေးခဲ့ရာ အထူးရဲအားလုံးမှာ ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အရာတော်မြိုနယ်တွင် မဲရုံလုံခြုံရေး အထူးရဲ သင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး Test Kit ဖြင့်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးနှင့် မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲ သင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို Test kit ဖြင့် စစ်ဆေးခြင်းလုပ်ငနွးအား ယမန်နေေ့နံနက်(၁၀)က မြို့နယ် ပြည်သူ့ဆေးရုံ၌ဆောင်ရွက်ပေးခဲ့သည်။

 မြို့မဈေး၌  ဝင်ထွက်သွားလာနေသော ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် နှာခေါင်းစည်း  (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့်  စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးခြင်းကို မြို့နယ် Coronavirus Disease 2019 ကိုဗစ်-၁၉  ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ယနေ့နံနက် ၇ နာရီခွဲ အချိန်က မြို့မဈေး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သုံးခွမြို့နယ်တွင် ဌာနဆိုင်ရာများစုပေါင်း၍ အနွမ်းပါးဆုံး အိမ်ထောင်စုများသို့ အလှူငွေနှင့် အခြေခံစားသောက် ကုန်ပစ္စည်း(၅)မျိုးအား အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အနွမ်းပါးဆုံးအိမ်ထောင်စု များ၏ စားဝတ်နေရေးများ အဆင်ပြေစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်‌ ရေးဦးစီးဌာနမှဦး‌ ဆောင်၍ဌ ာနဆိုင်ရာများစုပေါင်းကာ ယမန်‌နေ့ညနေက အလှူငွေနှင့်အခြေခံစားသောက်ကုန် ပစ္စည်းများကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက် 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များကို ယမန်နေ့နံနက်ပိုင်းကဆင်တဲမြို့မစျေး၌ ဖြန့်ဝေခဲ့သည်။
Subscribe to