အလုံမြို့နယ်ကိုဗစ်-၁၉ ​ရောဂါကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုန့်ပြန်​ရေး​ကော်မတီသို့ အလှူ​ငွေနှင့် ကာကွယ်​ရေး သုံးပစ္စည်းများလှူဒါန်း

အလုံ    ​အောက်တိုဘာ   ၁၃

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီသို့ ယနေ့ နံနက်ပိုင်းက အလှူငွေများနှင့်ကာကွယ်​ရေးသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်အလုံမြို့နယ်​စော​ရှေ့ရပ်ကွက်ရှိ Hill top vista Condo မိသားစုမှအလှူ​ငွေကျပ် ၅၂၂၀၀၀၀နှင့် PPE ဝတ်စုံ (၁၀)စုံတို့အား လှူဒါန်း​ပေးအပ်ခဲ့ရာမြို့နယ်အ​ထွေ​ထွေအုပ်ချုပ်ချုပ်​ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟစိုးနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။ 

                   
အလုံမြို့နယ်အတွင် အသွားအလာကန့်သတ် စောင့်ကြည့်စင်တာများကို   အ-ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါစင်တာများသို့  စေတနာရှင်အလှူရှင်များက အလှူငွေ၊ ကာကွယ်ရေး သုံးပစ္စည်းများ၊ စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။      

  
တင်တင်ချို(အလုံ)