ပင်လုံမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး

ပင်လုံ  အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် ၂၀၂၀ပြည့်နှစ် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မဲရုံများ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ကြမည့် အထူးရဲသင်တန်းရှိ အထူးရဲသင်တန်းသား (၈၁)ဦးတို့အား ယနေ့နံနက် (၈:၀၀)နာရီအချိန်ခန့် က သင်တန်းဖွင့်လှစ်ထားရှိရာ ကျေးလက်လူငယ်များပြုစုပျိုးထောင်ရေး သင်တန်းကျောင်း (ပင်လုံမြို့) ၌ ကိုဗစ်-၁၉ RDT  ဖြင့် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါအထူးရဲသင်တန်းသား (၈၁)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းကို လွိုင်လင်မြို့  ကျန်းမာရေး ဦးစီးဌာနနှင့်ကုသရေးဌာနမှ ဒေါက်တာနေဦးနှင့်အဖွဲ့တို့က  ကိုဗစ်-၁၉ RDT  ဖြင့် စနစ်တကျ စစ်ဆေးပေးခဲ့ရာ အထူးရဲ သင်တန်းသား (၈၁)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ (Negative) ဖြစ်ကြောင်း လွိုင်လင်မြို့နယ် ကျန်းမာရေးဦးစီးဌာန ဒေါက်တာနေဦး ထံမှ သိရသည်။

နန်းမြင့်မြင့်ဆွေ (ပင်လုံ၊ ပြန်/ဆက်)