ရေး အောက်တိုဘာ ၁၃
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်း လမ်းများဖြင့် ပြည်သူလူထုကြားပိုမိုပျံ့နှံ့စေရန်၊ ကျန်းမာရေးကို အားကစားဖြစ် ပြုမူနေထိုင်တတ် စေရန်၊ Exercise is Medicine (EIM) အားကစားနည်းသရုပ်ပြမှုဖြင့် ကိုယ်လက်ပေါ့ပါးသွားစေရန် ရည်ရွယ်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းကို ယမန်နေ့နေ့လယ် (၁၁) နာရီက စတင်ပြီး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်သိမ့်သိမ့်ရည်နှင့် ဝန်ထမ်းများ၊ မြို့နယ်အား ကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်သဥ္ဇာစိုးနှင့် ဝန်ထမ်းများ၊ အားကစားသရုပ်ပြမည့် Physical Fitness Dance အဖွဲ့ဝင်များက ရေးမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၊ မြသီတာဈေးရှေ့နှင့် ဈေးအတွင်း၊ ဝင်းသုခရွှေဆိုင်အရှေ့နှင့် ကမ်းနားလမ်း၊ လူစည်ကားရာ နေရာတို့တွင် တေးဆို ဖြိုးပြည့်စုံနှင့် မိစန္ဒီတို့ပါဝင်သီဆိုထားသည့် "ကမ္ဘာ့အပြင်သွားပါ ကိုရိုနာ (Go away Corona ) " သီချင်း Music ဖြင့်အားကစား သရုပ်ပြ အကနှင့် ဖျော်ဖြေခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များ၊ စည်းကမ်း ချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ပြည်သူများကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာများ တိုးတက်စေရန် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)