မြို့သစ် အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကျင်းပရာ၌ အသက်(၁၈) နှစ်ပြည့်ပြီး သူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် ဆန္ဒမဲလက်မှတ် များ ဖွင့်ဖောက်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့မရဲစခန်း ( ဓမ္မာရုံ )၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်စစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် များ ၊ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာ မများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ဆန္ဒမဲ လက်မှတ် များအား သက်ဆိုင်ရာလွှတ်တော်များအလိုက် မှန်/မမှန် စစ်ဆေးခြင်း၊ ဆန္ဒမဲလက်မှတ် များ အရွက်ရေ ပြည့်/မပြည့် စစ်ဆေးခြင်း ၊ ဆန္ဒမဲလက်မှတ်စာအုပ်များ ပြည့်/မပြည့်စစ်ဆေးခြင်း တို့ဆောင်ရွက်ခဲ့ကြသည်။
မြို့သစ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုင်ငံရေး ပါတီ (၅) ခုနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မဲရုံပေါင်း (၁၆၉)ရုံ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၃၄,၄၅၇)ဦးနှင့် မဲဆန္ဒနယ်ပြင် ပရောက် ပြည်တွင်းကြိုတင်မဲဆန္ဒ ရှင် (၆) ဦး၊ ပြည်ပကြိုတင်မဲဆန္ဒရှင် (၂၄၈)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး မှသိရ သည်။
ဝင်းအိဇွန် (ပြန် / ဆက်)