ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက်ဘုတ်၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ရုပ်ပုံများပြသ

ညောင်တုန်း အောက်တိုဘာ ၁၃

ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများကို ပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများကို ပြသထားလျက်ရှိသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာဆိုသည်မှာ အဘယ်နည်း၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံသတင်းများ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှု ရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး၊ မီဒီယာနှင့် သတင်း အချက်အလက် သိနားလည်မှု ရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာနှင့် ကြော်ငြာများ၊ သတင်း ခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်၊ ကလေး သူငယ်/လူငယ်နှင့် လူမှုမီဒီယာအသုံးပြုမှု သဘောတူညီချက်တစ်ရပ်ပြုလုပ်ပါ၊ အချက်အလက်နှင့် ထင်မြင်ယူဆချက်ကို ခွဲခြားဖို့ခက်နေပါသလား စသည့်အကြောင်းအရာများ ပါဝင်သည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ထည့်သွင်း ပြသထား လျက်ရှိကြောင်း သိရသည်။

                                                                                                                                                 

ဝဠာနိုင် (ညောင်တုန်း)