ဒီးမော့ဆိုတွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် အဝတ်နှာခေါင်းစည်းနှင့် ဆပ်ပြာခဲများပေးဝေ

ဒီးမော့ဆို အောက်တိုဘာ ၁၃

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်း များသည် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ် အဖြစ် အဝတ်နှာခေါင်းစည်းနှင့် ဆပ်ပြာခဲများကို ယနေ့ နံနက် ၈ နာရီက ပေးဝေခဲ့ကြောင်း သိရသည်။

ထိုသို့ ပေးဝေရာတွင် ဒီးမော့ဆိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လဲမြာနှင့် ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေး နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ စိုက်ပျိုးရေးသိပ္ပံ(ဒီးမော့ဆို)နှင့် အခြေခံပညာအထက်တန်းကျောင်း(ဒီးမော့ဆို) တို့တွင် Quarantine  ဝင်ရောက်သူများ၊ ဒေါတဝီပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်သူများနှင့် ငွေတောင်ဈေး အတွင်း ဝင်ထွက်သွား လာနေသော ပြည်သူများအား အဝတ်နှာခေါင်းစည်းနှင့် ဆပ်ပြာခဲများ ပေးဝေခဲ့ ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)