စဉ့်ကိုင်မြို့နယ် အဝေရာ ရာမရန်ကင်း ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ (၁၀)နှစ် အောက်ကလေးငယ်များအား ပဲနို့တိုက်ကျွေး

စဉ့်ကိုင် အောက်တိုဘာ ၁၃

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ (၁၀)နှစ်အောက်ကလေးငယ်များအား   ပဲနို့ တိုက်ကျွေး ရေး စီစဉ်ဆောင်ရွက်လျက် ရှိရာ  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျွေးရွာအုပ်စု၊ ကျောက်မိုင်းကျေးရွာ   အဝေရာ ရာမရန်ကင်းပရဟိတ ဘုန်းတော်ကြီးသင်  ပညာရေးကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက ပဲနို့များတိုက်ကျွေးခဲ့ ကြောင်းသိရ သည်။

အဝေရာ ရာမရန်ကင်းကျောင်းတိုက် ဆရာတော်  အရှင်အာလောက အား  မြို့နယ်အမျိုးသမီး ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ထွန်းနှင့် ကော်မတီအဖွဲ့၀င်များ၊ဌာန ဆိုင်ရာများက  လှူဖွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ပြီး အသက်(၁၀)နှစ် အောက် ကလေးငယ်(၄၀)ဦးတို့အား နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်နည်း၊ လက်ဆေးနည်း များ ကိုပြသပေးခဲ့ပြီး ပဲနို့နှင့် Maskများကိုလှူဒါန်းခဲ့ကြောင်းနှင့် အောက်တိုဘာ(၁၆)ရက် သောကြာနေ့တွင်လည်း ထပ်မံတိုက်ကျွေး  ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၀င်း၀င်းသန်း