ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းကျန်ရှိမှုမရှိစေရေး တွေ့ဆုံဆွေးနွေး


ဆီဆိုင်      အောက်တိုဘာ    ၁၃


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ယနေ့ နံနက် ၁၁ နာရီခန့်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းကျန်ရှိမှုမရှိစေရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။


မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ကျော်နိုင်က ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်း ကပ်ထားမှုမှန်ကန်ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းကျန်ရှိမှု မရှိစေရေးတို့အတွက် ပြောကြားပြီး တက်ရောက်လာကြ သော ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မဲစာရင်းနှင့် ပတ်သက်သည့် အခက်အခဲများကို တင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။


ခွန်ရဲထွေး(ဆီဆိုင်)