လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ကြို့ပင်ကောက် အောက်တိုဘာ ၁၃


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် အောက်တိုဘာလ ၈ ရက်နေ့က တိုက်ခတ်ခဲ့သော လေးပြင်းကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စုများ အတွက် လေဘေးသင့် ထောက်ပံ့ငွေပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ လေပြင်းတိုက်ခတ်မှုကြောင့် ချောင်နားကျေးရွာ အမိုးလန်တစ်စိတ်တစ်ပိုင်း ပျက်စီး နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ၁၉၀၀၀၀ ကျပ်၊ အောက်မျက်နီကွင်းရွာ ပြိုလဲနေအိမ် တစ်လုံးအတွက် ထောက်ပံ့ရေးပစ္စည်း(၁၆)မျိုး တစ်အိမ်ထောင်စာ ၃၄၇၅၃ ကျပ်နှင့် အိမ်ထောင်စု(၃)စုရှိ လူဦးရေ(၁၀)ဦး ဆန်ရိက္ခာဖိုး(၇)ရက်အတွက် ထောက်ပံ့ငွေကျပ် ၂၁၁၀၀၀ ကျပ်တို့အား မြို့နယ်ဒုတိယ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)