နတ်တလင်း အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ အထူးရဲသင်တန်းသားများနှင့် နည်းပြ များအား ကိုဗစ်-၁၉ ရောဂါ ပိုးရှိ၊ မရှိ စစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက် ကြောင်း သိရသည်။
ထိုစစ်ဆေးရာတွင် နတ်တလင်းမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ် အာသောက ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသော သင်တန်းမှ သင်တန်းသား (၆၆)ဦးနှင့် နည်းပြ(၃)ဦး၊ တာပွန်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထား သော သင်တန်းမှ သင်တန်းသား(၄၂)ဦး နှင့် နည်းပြ(၂)ဦး၊ တောင်ညိုမြို့သစ် ဘိုကြီးစခန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသော သင်တန်းမှ သင်တန်းသား(၃၈)ဦး နှင့် နည်းပြ(၂)ဦးတို့အား ဆေးစစ်ရာ အားလုံးရောဂါပိုးကင်းစင် ကြောင်း သိရသည်။
ဝင်းမြင့် (နတ်တလင်း)