မင်္ဂလာဒုံ အောက်တိုဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် မဲပေးခြင်းဆိုင်ရာနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေ ရန် ရည်ရွယ်ချက်ဖြင့် ယနေ့ နံနက်က အသိပညာပေးပိုစတာနှင့် ရုပ်ပုံများ ပြသဆောင်ရွက်ထားရှိ ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် မဲဆန္ဒရှင်ပြည်သူများအား သင့်အမည်မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား၊ အတူတကွမဲပေးကြပါစို့၊ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ၊ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါ/မပါ အွန်လိုင်းကတစ်ဆင့် စစ်ဆေးပါ၊ ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ် ပြင်ပ ရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲဆန္ဒရှင်စာရင်း ကြည့်ရှုရန်၊ အသက်အရွယ် ကြီးရင့်သူ များ ကြိုတင်ဆန္ဒမဲပေး ခွင့်ပြုကြောင်း အသိပေးထုတ်ပြန်ကြေညာခြင်း စသည့်အကြောင်းအရာပါ အသိ ပညာပေးပိုစတာများ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ သိကောင်းစရာများ၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးပိုစတာများကို ပြသထားကြောင်း သိရသည်။
ဇင်ငြိမ်း(ပြန်/ဆက်)