ရွှေပြည်သာ အောက်တိုဘာ ၁၃
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမပျံ့ပွားစေရန်နှင့် ကာကွယ် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ အမှတ်(၁၄)ရပ်ကွက်ရှိ Lock down ချထားသော မိသားစုဝင်များအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကျောင်းကုန်းကျေးရွာ ဦးကုလားမိသားစုမှ အာဟာရဒါန ထမင်းဘူးများ လာရောက်လှူဒါန်းရာ အမှတ်(၁၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ကိုဗစ်ကော်မတီဝင်များက အလှူရှင်နှင့် အတူ Lock down ချထားသော မိသားစုဝင်အိမ်များသို့ လိုက်လံဝေငှခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် မိသားစုဝင်များအား အားပေးစကားပြောကြားပြီး မိသားစုဝင်များ ကိုယ်စား ကိုဗစ်-၁၉ ကော်မတီဝင်များက အလှူရှင်အား ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အေးအေးမိုး(ပြန်/ဆက်)