ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်နိုင်ရေး နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေ

ပုလော   အောက်တိုဘာလ      ၁၄

အောက်တိုဘာလ (၁၃)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာ၀ထိခိုက် ဆုံးရှုံးနိုင် ခြေလျော့ချရေးနေ့ (IDDRR) အထိမ်းအမှတ်အဖြစ် ပုလောမြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကိုဗစ်−၁၉ရောဂါ ကာကွယ်နိုင်ရေး Mask များကို ယမန်နေ့ ညနေ (၄)နာရီက ပုလောမြို့ အ၀င် ပုလောတံတားတိပ်၌ အခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပုလောမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်မြစောနွယ်နှင့် ၀န်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့မရဲစခန်းမှ တာ၀န် ရှိသူများ ပူးပေါင်း ၍  အပြည်ပြည်ဆိုင်ရာသဘာ၀ထိခိုက် ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ စာတမ်း ပါ အ၀တ် Mask အခု(၁၀၀) နှင့် Disposable face Mask အခု (၄၀၀)ကို အခမဲ့ ဖြန့်ဝေခဲ့ ကြောင်း သိရသည်။
အေးအေးမော်(ပုလော ပြန်/ဆက်)