မုဒုံ အောက်တိုဘာ ၁၄
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်းရှိ ကတုံးပေါ်ကျေးရွာတွင် စက်တင်ဘာ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သော ချောင်းကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရ သည့် နေအိမ်(၆)လုံးအတွက် ယမန်နေ့ ညနေ ၃ နာရီက ထောက်ပံ့ငွေပေးအပ် ခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာ ချောင်းအရှေ့ကွက်တွင် ဒီရေတိုက်စားမှုနှင့် ရေစီးကြောင်း ပြောင်းလဲမှုတို့ကြောင့် ချောင်းကမ်းပါးမြေပြိုမှုဖြစ်ပွားခဲ့ပြီး ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ ရသော နေအိမ် (၆) လုံး၊ အိမ်ထောင်စု(၆)စုအတွက် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့စရိတ် တစ်အိမ်ထောင်လျှင် (၁၀၀,၀၀၀) ကျပ် စုစုပေါင်း (၆၀၀,၀၀၀) ကျပ်ကို မုဒုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်သိမ့်သိမ့်အောင်နှင့် ရုံးဝန် ထမ်းများ၊ တာဝန်ရှိသူများက ကမ်းပါးပြိုဘေးသင့်အိမ်ထောင်စုများထံသို့ လက်ဝယ် အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)