မော်လမြိုင် အောက်တိုဘာ ၁၄
မွန်ပြည်နယ် မော်လမြိုင်မြို့ တောင်ဝိုင်းဘုရားလမ်း၊ ဇေတဝန်ကျောင်း တိုက်ရှိ (သာသနာနွယ် ဖောင်ဒေးရှင်း) ပဓာနနာယကဆရာတော်အရှင် ဆန္ဒဇောတိမှ ဦးဆောင်၍ မော်လမြိုင် ဆေးရုံကြီးရှိ ဆရာ၊ ဆရာမများနှင့် ကိုဗစ်-၁၉ ရောဂါ ဝေဒနာရှင်များအတွက် အာဟာရဒါနတို့ကို နေ့စဉ် လှုဒါန်းလျက်ရှိရာ ယနေ့ညနေပိုင်းအထိ (၁၀၉) ရက်မြောက်နေ့ လှူဒါန်းပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နေ့စဉ်အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် စီမံခန့်ခွဲကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပါဆယ်စနစ်ဖြင့် မော်လမြိုင်ဆေးရုံကြီးရှိ ဆရာ၊ ဆရာမများ၊ ကိုဗစ်-၁၉ ရောဂါ ဝေဒနာရှင်များ၊ စောင့်ကြည့်လူနာများ၊ ကလေးဆေးရုံမှလူနာများ စုစုပေါင်း(၂၀၇)ဦးတို့အား နံနက်စာ၊ နေ့လယ်စာ၊ ညနေစာများဖြင့် နေ့စဉ်တစ်နေ့သုံးကြိမ် လှူဒါန်းပေးလျက်ရှိပြီး လူနာများအတွက် ကျန်းမာရေးအခြေအနေပေါ်မူတည်၍ အစားအသောက်များ ဖွယ်ဖွယ်ရာ ရာဆောင်ရွက် လှူဒါန်းပေးလျက်ရှိကြောင်း သာသနာနွယ်ဖောင်ဒေးရှင်းမှ သိရသည်။
စမ်းစမ်းနွယ်