ကျိုင်းတောင်း အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေးအတွက် ပြည်သူများအနေဖြင့် သတင်းအချက်အလက်များ မှန်ကန်စွာသိရှိပြီး အသိပညာ ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ရုံးရှေ့မြေစိုက်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများ ပြသပေး လျက်ရှိသည်။
အဆိုပါ မြေစိုက်ပြဘုတ်တွင် UNESCO မှ ပေးပို့လာသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများဖြစ်သည့် မီဒီယာနှင့် သတင်းအချက်အလက်သိရှိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ရှောင်ရန်များ၊ သတင်းခွဲခြမ်း စိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များစသည့် အကြောင်းအရာများကို ပြသထားသည်။
ကိုဗစ်-၁၉ ရောဂါကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရေး တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရေး စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ အသိပညာပေးလုပ်ငန်းများကို Online မှလည်းကောင်း၊ မြေစိုက်နံရံကပ်ပြဘုတ်များမှ လည်းကောင်း ပြသပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)