နာဂဒေသ၊ လဟယ်မြို့နယ်အတွင်း၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် (၆၃၈.၈၂၀) သန်းဖြင့် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

လဟယ် အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊       နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊       လဟယ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ နယ်စပ် ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေ - ကျပ် (၆၃၈.၈၂၀) သန်းဖြင့် လဟယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ခွင့်ပြုဆောင်ရွက်ခဲ့ရာ  လုပ်ငန်းအားလုံး (၁၀၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီး စီးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများတွင် မြေသားလမ်း (၂၃) ပေ အကျယ် (၄/၀) မိုင် ဖောက်က်လုပ်ခြင်း၊ ကျောက် ချောလမ်း (၁/၀) မိုင်၊ Box Culvert (၁၃) စင်း၊ လဟယ် (အ.ထ.က) ကျောင်းဆောင် (၉၀×၃၀) Steel  Structure (၂) ထပ် ကျောင်းဆောင် (၁) ဆောင်၊ ဘုန်းတော်ကြီးကျောင်း (၄) ကျောင်း ဆောက်လုပ်ရန် ထောက်ပံ့ခြင်း၊ ဂိတ်တံခါး(၂)ခု ဆောင်ရွက်ခြင်း စသော လုပ်ငန်းများဖြစ်ပြီး လုပ်ငန်းအားလုံး (၁၀၀%) ရာနှုန်းဆောင်ရွက်ပြီးကြောင်း သိရသည်။ ၎င်းအပြင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဗဟို) နှင့် သီလရှင်ကျောင်းတို့ကို ဆန် (၁၀) အိတ်နှုန်း ထောက်ပံ့လှူဒါန်းခဲ့ ကြောင်း နာဂဒေသခေတ္တနာဂဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (လဟယ်) မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းထံမှ သိရသည်။

ရှားဆက် (လဟယ်ပြန်/ဆက်)