ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရုပ်ပုံများ ပြသဆောင်ရွက်

ယင်းမာပင် ​​​အောက်တိုဘာ ၁၄

ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးရုပ်ပုံများကို ယနေ့နံနက်ပိုင်းက စ၍ ပြသဆောင်ရွက် ထားရှိကြောင်းသိရသည်။

ထိုသို့ပြသရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့်အချက်အလက်များ၊ မီဒီယာနှင့်သတင်း အချက် အလက် သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှုအတက်ပညာနှင့် လုပ်ကြံသတင်းများ၊ ကျန်းမာရေး ဆိုင်ရာနည်းလမ်းများ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ရှောင်ရန် အချက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာပုံနှင့် ထင်မြင်ယူဆချက်များ အသိပညာပေးရုပ်ပုံများကို ပြည်သူများ ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်၍ ခင်းကျင်းပြသခြင်းဖြစ်ကြောင်းသိရသည်။

စိုးမိုး(ပြန်/ဆက်)