ဝါးခယ်မ အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလာနာ ၁၁ ဦး အနက် ၇ ဦးမှာ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက သက်မှတ်ရက်ပြည့်ပြီး ရောဂါပိုး ကင်စင်ပြီဖြစ်၍ ဆေးရုံမှ ဆင်းခွင့် ရရှိကြောင်း သိရသည်။
အဆိုပါ ရောဂါပိုး ကင်စင်သူများထဲတွင် ကျုံမငေးမြို့ စက်ရုံကျောင်းတိုက်မှ သီလရှင်၊ ယောဂီ စုစုပေါင်း ၆ ဦး၊ သံကြိုးတိုင် ရပ်ကွက်မှ ကုန်တင်ယာဥ်မောင်း တစ်ဦးဖြစ်ကြောင်း၊ ၎င်းတို့အား နေအိမ်၌ (၇) ရက် Home Quarantine ဆက်လက်နေထိုင်စေမည် ဖြစ်ကြောင်း၊ ကျန်ရှိသောဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသော အတည်ပြုလူနာများသည်လည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)