မိုးကုတ် ၊ အောက်တိုဘာ ၁၄
မြန်မာနိုင်ငံအတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်ပွားလျက်ရှိရာ ကူးစက်ပြန့်ပွားမှု လျော့ကျစေရေး လုပ်ငန်းစဉ် တစ်ရပ်အဖြစ် ပြည်သူတိုင်း mask တပ်ဆင်အသုံးပြုနိုင်ရေးအတွက် မိုးကုတ်မြို့နယ် ၊ကြက်ခြေနီအဖွဲ့မှ ယမန်နေ့က မိုးကုတ်မြို့အနောက်ပိုင်း (ကျပ်ပြင်)တွင် Mask များဖြန့်ဝေပေးခဲ့ကြသည်။
မိုးကုတ်မြို့အနောက်ပိုင်းရှိ ရုပ်ရှင်ရုံရှေ့နှင့် လူစည်ကားရာ နေရာများ၊ လူအများသွားလာစည် ကားရာနေရာများတွင် Maskများ အခမဲ့ဖြန့်ဝေခြင်းနှင့် ဖြန့်ဝေရာလမ်းတစ်လျှောက်ရှိ ဈေးဆိုင်ခန်း များနှင့်လမ်းဘေးဝဲယာများအား ပိုးသတ်ဆေးဖြန်းခြင်းတို့ကို မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့မှူး ဒေါ်မြင့်မြင့်ဦးနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ နယ်ဦးစီးမှူးဦးဇင်မင်းထွန်း၊ လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ပူးပေါင်း ဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။
ဖြိုးမမ(မိုးကုတ်)