ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

ရှမ်းရွာသစ် အောက်တိုဘာ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းကို ယနေ့ နံနက် (၇) နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် ပြည်သူ လူထုများ လိုက်နာသင့်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အိမ်တိုင်ရာရောက် အသိပညာပေးခြင်း လုပ်ငန်းများကို လိုက်လံဆောင်ရွက်ပြီး ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မြို့အတွင်းသို့ ဝင်ရောက်လာသော ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်းများတပ်ဆင်ခြင်း၊ Hand Gel ဖြင့် လက်များကို သန့်စင်စေခြင်းနှင့်   နှာခေါင်းစည်းများကိုလည်း အခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာများ ပူးပေါင်းပြီး အပတ်စဉ် အရှိန်အဟုန်မြှင့်တင်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)