မြောက်ဥက္ကလာပ အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ(၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ Stay at home ကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ မဖြစ်မနေကိစ္စများမှ လွဲ၍ သွားလာခြင်းမပြုရန် ရပ်ကွက်များအတွင်း ကြေညာခဲ့ပြီးနောက် ပြည်သူများ တိကျစွာ လိုက်နာစေရန်အတွက် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြောက်ဥက္ကလာပခြောက်ကွေ့ မှတ်တိုင် အနီးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်း တပ်ဖွဲ့၊ မြို့နယ်သာသနာရေးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့ဝင် များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ်နှင့် မြို့နယ်ချင်းဆက် လမ်းများ၊ တံတားများ တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် ယာဉ်များကို စစ်ဆေးမေးမြန်းမှု များ ပြုလုပ်ခဲ့ပြီး Stay at Home စည်းကမ်းများနှင့်အညီ ထောက်ခံချက်မပါ၊ အကြောင်းပြချက် မခိုင်လုံသော လမ်းပေါ်ထွက်လာသူများအား လာရာ အရပ်သို့ ပြန်လှည့် ခိုင်းခြင်း ၊ပြည်သူများ မိသားစု ကျန်းမာရေးနှင့်စားသောက်ရေး ဈေးဝယ်ခြင်း ကိစ္စများမှ လွဲ၍ မလိုအပ်ဘဲ သွားလာမှုများ မရှိစေရန်စသည်တို့ကို အသိပညာပေး စစ်ဆေးခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)