We Love Thanlyin ၏ ကိုဗစ်အထောက်အကူပြုလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ် လှူဒါန်း

သန်လျင်  အောက်တိုဘာ ၁၄ 


ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ရှိ ကိုဗစ် -၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိသည့် We Love Thanlyin အဖွဲ့သို့ အလှူရှင်များက အလှူငွေများ ပေးအပ်ပွဲကို ယမန်နေ့နံနက်က အဆိုပါအဖွဲ့ တည်ရှိရာ ခန်းမ၌ကျင်းပခဲ့သည်။ 
အဆိုပါ အလှူငွေပေးအပ်ပွဲတွင် သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အဖွဲ့နာယက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးလွင်ကိုလတ်က ရှင်းလင်းတင်ပြပြီး အလှူရှင်များဖြစ်ကြသော ဦးကျော်လင်းအောင်+ဒေါ်လွင်မာချိုသွေး၊ ဦးဆန်းလွင်+ဒေါ်ရင်ကြွေ၊ မိခင်ကြီးဒေါ်မြသွေး တို့ကအလှုငွေကျပ်တစ်သိန်းစီ၊ ဒေါ်စန်းစန်းယုနှင့်ဦးသန်းမောင်တို့က ကျပ်ငါးသောင်းစီ၊ ဦးကျော်စိုး+ဒေါ်နွဲ့ကြီးတို့က ကျပ်နှစ်သောင်းလှူဒါန်းမှုကို လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
  We Love Thanlyin အနေဖြင့် သန်လျင်မြို့နယ်ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များတွင် ဘက်ပေါင်းစုံမှ အားဖြည့်ဆောင်ရွက်ပေးလျက်ရှိသော အဖွဲ့ တစ်ဖွဲ့ဖြစ်ကြောင်း သိရသည်။ 
သန်းဝင်း(သန်လျင်)