မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းသည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်များ ကျေးရွာတာဝန်ရှိသူများသို့ပေးအပ်

ညောင်ဦး အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိုနယ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်း သည့် ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်များ ပေးအပ်လှူဒါန်းပစ္စည်းများကို ယနေ့ နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့၊ အနော်ရထာခန်းမတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက ပြောကြားသည်။

ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီး လော့ဒေါင်းချထားသည့် ပနီတွင်းကျေးရွာနှင့် ရွာလုကျေးရွာတို့အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှပေးပို့လှူဒါန်းသည့် နှစ်ပတ်စာ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်များအား သက်ဆိုင်ရာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးတို့အား ညောင်ဦးခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်အုန်း (ခရိုင်အုပ်ချုပ်ရေးမှူး)၊ ညောငဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း (မြို့နယ်အုပ်ချုပ်ရေးမှူး) နှင့် ခရိုင်/မြို့နယ် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ တောင်ဇင်းအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသိန်းပို၊ ထီးပုအုပ်၊ အုပ်ချုပ်ရေးမှူး ဦးလွင်ကိုတို့မှ လက်ခံရယူပြီး ကျေးရွာအတွင်း ပြန်လည်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ခေါက်ဆွဲခြောက် (၁၅) ထုပ်၊ ဆီ ၂၅ ကျပ်သားနှင့် နှာခေါင်းစည်း သုံးခုနှုန်းဖြင့်ပေးဝေခဲ့ရာ တောင်ဇင်းကျေးရွာအုပ်စု၊ ပနီတွင်းကျေးရွာအတွက် ဆန် ၆ ပြည်ပါ ဆန်အိတ်  ၂၁၇ အိတ် ၂ ပြည်၊ ခေါက်ဆွဲခြောက် ၃၀ ထုပ်ပါ ၆၅၂ ဖာ၊ ဆီ ၂၅ ကျပ်သားဘူး ၁၃၀၄ ဘူး နှာခေါင်းစည်း ၁၃၀၄ခု တို့ကို ပနီတွင်း ကျေးရွာသို့လည်းကောင်း၊ ထီးပုကျေးရွာအုပ်စု၊ ရွာလုကျေးရွာအတွက် ဆန် ၆ ပြည်ပါ ၄၁ အိတ် ၅ ပြည်၊ ခေါက်ဆွဲခြောက် ၃၀ထုပ်ပါ ၁၂၅ ဖာ ၁၅ ထုပ်၊ ဆီ ၂၅ ကျပ်သာဘူး ၂၅၁ ဘူး၊ နှာခေါင်းစည်း ၂၅၁ ခုတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်လှူဒါန်း ခဲ့ကြောင်း ညောင်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းထံက သိရသည်။

ကိုထိန်၊KPD