ပလောက်မြို့တွင် နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်သွားလာရေးစစ်ဆေး

ပလောက် အောက်တိုဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်  အပြင်ထွက်သွားလာသူများတွင် နှာခေါင်းစည်းများစနစ်တကျ တပ်ဆင် သွားလာရေး စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက  စည်ပင်သာယာဈေးကြီးအရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ မြို့စည်ပင်သာယာဈေးကြီး အတွင်းနှင့် ဗဟိုလမ်းမကြီးတို့တွင် ဖြတ်သန်းသွားလာနေကြသူများအား နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်သွားလာကြရေးကို စစ်ဆေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း နှင့် နှာခေါင်းစည်းမပါသူများကိုလည်း ယခု ဝယ် /ယခုတပ် စနစ်ဖြင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

နှင်းမြူလွင်