တောင်သာမြို့နယ် ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ(၄)ဦး ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ပြု

တောင်သာ အောက်တိုဘာ ၁၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့ ပြည်သူ့ဆေးရုံတွင် ပထမဆုံး ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ ကုန်ကားသမား (၄) ဦး ရောဂါပျောက်ကင်း၍ ယမန်နေ့နံနက် (၁၀) နာရီ အချိန်က ဆေးရုံဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးရုံဆင်ခွင့်ရရှိသည့်  ကိုဗစ်အတည်ပြုလူနာ(၄)ဦးအား တောင်သာဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုဝင်းက ဆေးရုံဆင်းခွင့်ရသော်လည်း  မိမိနေအိမ်တွင် (၇) ရက်တိတိ ဆက်လက်အနားယူ နေထိုင်ရမည်ဖြစ်ကြောင်း မိသားစုများနှင့်အတူ ရောနှောနေထိုင်ခြင်း မပြုဘဲ သီးခြားနေထိုင်ရမည်ဖြစ်သည်။ တောင်သာ ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုဝင်းနှင့် လူမှုရေးအသင်းများက   အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

တောင်သာမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၉)ဦးရှိပြီး ယခင်(၁)ဦး၊ ယနေ့တွင် (၄) ဦး ဆေးရုံဆင်းခွင့်ရရှိသဖြင့် (၁၄) ဦးသာကျန်ရှိတော့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)