ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

ရှမ်းရွာသစ် အောက်တိုဘာ ၁၅

ကရင်ပြည်နယ် ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ပြည်သူများ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သတင်းအချက် အလက်များကို အချိန်နှင့်တပြေးညီ တိကျမှန်ကန်စွာ သိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်း တွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် ကိုဗစ်-၁၉ ရောဂါ ရှောင်ရန်၊ ဆောင်ရန်များ၊ ကြိုတင် ကာကွယ်ရမည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများ၊ အခြားသူများအား ရောဂါ ကူးစက်ခံရခြင်းမှကာကွယ်ပါ၊ လုံခြုံစိတ်ချတဲ့ အစားအစာများကို ချက်ပြုတ်စားသောက်ပါ အစရှိသော ကိုဗစ်-၁၉ ရောဂါအသိပညာပေး အကြောင်းအရာများနှင့် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ဒေသနေပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန်အတွက် ပြသထားပြီး ၎င်းအသိပညာပေး အချက်အလက်များကို IPRD Shanywarthit Page တွင်လည်း လွှင့်တင်ပေးထားကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)