နန်းယွန်း အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြပ်မတ်၍ မိုးစပါး ဆင်းဧကရိ-၃ နည်းပညာပြကွက် လက်တွေ့ စိုက်ပျိုးပြသခဲ့သည့် တောင်သူစိုက်ကွက်များတွင် ယမန်နေ့ညနေပိုင်းက နံစုပ်ပိုး ကျရောက်မှု ရှိ/မရှိ၊ မိုးစပါးအနံထွက်အားကောင်းမှု ရှိ/မရှိတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့ လုပ်ဆောင်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးမြင့်၊ ဒုတိယ ဦးစီးဦးသန်တိုနှင့် ဝန်ထမ်းများက တပိုင်တနိုင်စိုက်ပျိုးတောင်သူများ၏ နည်းပညာ ပြကွက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ ယခင်နှစ်များထက် မိုးစပါးအနံထွက်အား ကောင်းမွန် လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် နံစုပ်ပိုး နှစ်စဉ် အနည်း/ အများ ကျရောက်တတ်သဖြင့် စိုးရိမ်စရာမရှိကြောင်း၊ ၎င်းပိုးကျရောက်မှုကို ကြိုတင် ကာကွယ် နှိမ်နှင်းမည်ဆိုလျင် ဒီထက်မက အနံထွက်အားကောင်းပြီး ရာနှုန်းပြည့် စပါးထွက်ရရှိနိုင်မည်ဖြစ်ကြောင်း အသိပညာပေးမှုတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမြင့်ထံမှသိရသည်။
ဟန်ကမ်း(ပြန်/ဆက်)