သာစည်မြို့နယ်တွင် ကုန်တင်ယာဉ်မောင်း ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ စစ်ဆေး ရေး စခန်းဖွင့်လှစ်ထားရှိမှု အသိပေးဆွေးနွေးပွဲပြုလုပ်

သာစည် အောက်တိုဘာ ၁၅

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန(Community Centre)တွင်  ယမန်နေ့ နံနက် ၁၀ နာရီခွဲက   မြို့နယ်   ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မိတ္ထီလာ-တောင်ကြီးကားလမ်း ကျွဲတပ်ဆုံကျေးရွာအုပ်စုတွင်  ဖွင့်လှစ်ထားသော ကုန်တင် ယာဉ်မောင်း ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ စစ်ဆေးရေးစခန်း ဆောင်ရွက်ထား ရှိမှုများနှင့် ပတ်သက်၍ပြည်သူများသိရှိစေရန် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲ၌   မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ဆွေးနွေးရာတွင်  စစ်ဆေးရေး စခန်းစတင်ဖွင့်လှစ်ခဲ့ချိန်၊  ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းဒေသများနှင့် ကယား ပြည်နယ်သို့ ကုန်စည်ပို့ဆောင်ရေးသွားလာလျက်ရှိသော  ကုန်တင်ယာဉ်မောင်းနှင့် ယာဉ် နောက် လိုက်များအား Rapid Test Kit  ကိုဗစ်-၁၉ ပိုးစစ်ဆေးပေးခြင်း ဖြစ်ကြောင်း နှင့် စစ်ဆေးပေးခြင်းဖြင့် ရောဂါပိုးကူးစက်ပျံ့ပွားမှု လျှောကျသွားနိုင်မည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြီး မြို့နယ်  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှမြို့နယ် ကျန်းမာရေးမှူးအဆင့် ၁ ရှိသူ ဒေါ်ရီရီလွင်က စစ်ဆေးရေးစခန်းတွင် Rapid Test Kit ဖြင့်စစ်ဆေးပေးမှု  အခြေအနေ များ၊ ပိုးတွေ့လူနာရှိပါက မြို့နယ်ဆေးရုံသို့စနစ်တကျဖြင့် ခေါ်ဆောင်ထားရှိပြီး ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များအား ကျန်းမာရေးအသိပညာပေးမှုပြုလုပ်ခြင်းများစသည်ဖြင့် ကျန်းမာရေး နှင့် ပတ်သက်သော ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ  စစ်ဆေးရေးစခန်း စတင်ဖွင့်လှစ်ချိန်မှ ယနေ့အချိန်ထိ  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ယာဉ်နောက်လိုက်နှစ်ဦးရှိကြောင်းသိရသည်။                                                      
ထွန်းထွန်း(ပြန်/ဆက်)