ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နေရောင်ခြည်စွမ်းအင်ဖြင့် ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေး

ဟုမ္မလင်း အောက်တိုဘာ ၁၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်ဝန်ကြီးဌာန၊ ဟုမ္မလင်းမြို့ နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသမီးလင်းရေး National Electrifcation Project (NEP) ICB-4 ဆိုလာစနစ်ဖြင့် ဟုမ္မလင်းမြို့နယ် ကျေးရွာပေါင်း (၃၁)ရွာရှိ၊ စာသင်ကျောင်း (၂၇) ကျောင်း၊ ကျေးလက်ဆေးပေးခန်း(၁၁)ခု၊ ဘာသာရေး အဆောက်အအုံ (၃၆) ခုနှင့် လမ်းမီးတိုင်(၁၆၀) တိုင်တို့အား စီမံကိန်းဖြင့် တပ်ဆင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အလာတူ ပြည်သူ့ထည့်ဝင်ငွေဖြင့် (၆၀)ဝပ် ဆိုလာ (၁၁၇၀)လုံး၊ (၁၀၀) ဝပ် ဆိုလာ (၃၁၅) လုံးကို တပ်ဆင်ဆောင်ရွက်ပေးပြီး၊ နေရောင်ခြည်စွမ်းအင်ဖြင့် မီးအလင်းရောင်ရရှိနေပါကြောင်း ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့နယ်ဦးစီး မှူး ဦးစိုးမင်းလတ်ထံမှ သိရသည်။

လင်းလင်း(ပြန်/ဆက်)