Stay at Home (၃) မြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား လစာ၏ ၄၀ ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးသွားမည်

မန္တလေး အောက်တိုဘာလ ၁၅

လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော လူမှုဖူလုံရေးကြေး ပုံမှန်ပေးသွင်း သည့် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားများအနက် Stay at Home အစီအစဉ်တွင် အကျုံးဝင်သော သတ်မှတ်ချက်နှင့်အညီ ထည့်ဝင်ကြေးပေး သွင်းထား သူများအနေဖြင့် အလုပ်သမားလစာ၏၄ဝရာခိုင်နှုန်းကို အလုပ်သမားနှင့် မိသားစု အတွက် ငွေကြေးထောက်ပံ့မှုခံစားခွင့်အဖြစ် ခွင့်ပြုထုတ်ပေးသွားမှာဖြစ်ကြောင်း မန္တလေး တိုင်း ဒေသကြီး လူမှုဖူလုံရေးရုံးကသိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်း မဟာအောင်မြေ မြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်များကို မိမိနေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း စက်တင်ဘာ ၂၅ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။
“ကိုဗစ်ကာလ ဒုတိယလှိုင်းမှာ Stay at Home မန္တလေးတိုင်းဒေသကြီးမှာ  ၃မြို့နယ် ပါတယ်၊ အဲဒီမြို့နယ်အတွင်း အလုပ်ဌာနတွေကို လုပ်ခလစာရဲ့ ၄၀ ရာခိုင်နှုန်းပေးဖို့ရှိပါတယ်၊ မဖြစ်မနေပိတ် ရမယ့်ဌာနတွေကိုပေးသွားမှာပါ၊ မဖြစ်မနေဖွင့်ရမယ့်ဌာနတွေ စားသောက် ကုန် တို့ ဆေးဝါးတို့မပါဘူး၊ ပိတ်ရမယ့်ဌာနက ခုနစ်ရာငါးဆယ်ကျော်ရှိပြီး အလုပ်သမားက နှစ်သောင်းကျော်ရှိ ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ရုံးမှ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒေါ်လွင်လွင်မြင့် ကပြောသည်။
အလားတူ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအာအရင်းအမြစ်ဝန်ကြီးဌာနကလည်း စက်တင်ဘာ ၂၇ ရက်က ထုတ်ပြန်ကြေညာခဲ့ရာ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင် ထားသော ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားများအနက် Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အာမခံအလုပ်သမားအတွက် ၂၀၂၁ခုနှစ် လူမှုဖူလုံရေးဥပဒေပုဒ်မ ၁ဝဝပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ဥပဒေပုဒ်မ ၃၁(ခ)(၂) နှင့် နည်းဥပဒေ ၁၃၆(ခ)တို့အရ ၆/၂၀၂၀ လမတိုင်မီ ထည့်ဝင်ကြေးငွေအနည်းဆုံး ၃၆လပေးသွင်းထား ခြင်းမရှိစေကာမူ ၆/၂၀၂၀ လအတွက် ထည့်ဝင်ကြေးပေး သွင်းထားပြီး ၂၀၂ဝခုနှစ် စက်တင်ဘာ ၂၃ရက်နေ့အထိ အလုပ်လုပ်ကိုင်နေသည့် အာမခံအလုပ်သမားများအား ၆/၂၀၂၀ လအတွက် ပေး သွင်းထားသော လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်း အာမခံအလုပ်သမားနှင့် မိသားစုအတွက် ငွေကြေး ထောက်ပံ့မှုခံစားခွင့်အဖြစ် ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်သည်။
မန္တလေးတိုင်ဒေသကြီးတွင် ကိုဗစ်-၁၉ ကာလ  Stay at Home သတ်မှတ်ထားတဲ့မြို့နယ်  ၃ခုမှ လူမှုဖူလုံရေးကြေး ပုံမှန်ပေးသွင်းသည့် အလုပ်ဌာနများမှ အလုပ်သမားလစာ၏ ၄၀ ရာခိုင်နှုန်း ထောက်ပံ့ရန်စာရင်းပြုစုခဲ့ရာ လုပ်ငန်းပေါင်းခုနစ်ရာငါးဆယ်ကျော်ရှိပြီး အလုပ် သမားဦးရေ နှစ်သောင်း တစ်ထောင်ကျော် ရှိကြောင်း သိရသည်။
လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများရှိ အလုပ်ရှင်(သို့မဟုတ်)အလုပ် ရှင်ကိုယ်စားတာဝန်ရှိသူများအနေဖြင့် မိမိတို့  အလုပ်သမားများ အတွက် လူမှုဖူလုံရေး ထောက်ပံ့ငွေရရှိနိုင်ရေး သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံများကို ဖြစ်စေလူမှု ဖူလုံရေးအဖွဲ့ Webportal Website မှဖြစ်စေပေးပို့ လျှောက်ထားနိုင်ကြောင်းသိရသည်။
ထိပ်ထားနိုင်