မြစ်ကြီးနားမြို့၌ နှာခေါင်းစည်း(Mask)များ တပ်ဆင်နိုင်ရေး Mask Campaign ဆောင်ရွက်

မြစ်ကြီးနား    အောက်တိုဘာ   ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နေအိမ်ပြင်ပ ထွက်ခွာသွားလာသူတိုင်း နှာခေါင်းစည်း(Mask)များ တပ်ဆင်ရေး အရှိန်အဟုန်မြှင့်ဆောက်ရွက်ခြင်းကို ယနေ့နံနက် (၇) နာရီတွင် ရန်ကြီးအောင် ရပ်ကွက် ဈေးအတွင်းနှင့် ဈေးအဝင်/ အထွက်ပေါက်များတွင်  အဖွဲ့ခွဲ၍ Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဂွါဇာလေးနှင့် ဝန်ထမ်းများ၊ ရန်ကြီးအောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နှင့် ရပ်မိ၊ရပ်ဖ များပူးပေါင်း၍ လူစည်ကားရာနေရာများ၊ ရန်ကြီးအောင်ရပ်ကွက်ဈေးအတွင်းနှင့် ဈေးအဝင် /အထွက် ပေါက်များတွင် ကိုဗစ်-၁၉ ‌ရောဂါ ကူးစက်ကာလအတွင်း နေအိမ်ပြင်ပ ထွက်ခွာသွားလာ သူများအား နှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီးမှ အပြင်ထွက်စေရန် ဈေး‌ရောင်း/ဈေးဝယ်များနှင့် လမ်းသွား/ လမ်းလာ ပြည်သူများ အား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

စိန်ဝင်း(ပြန်/ဆက်)